Zim Zim Ala Kazim (2024)IMDb Rating (5.6) Zim Zim Ala Kazim ဟာမလေးရှား နိုင်ငံရဲ့နာမည်ကျော်တရားဟောဆရာ Dato’ Ustaz Kazim Elias ရဲ့ကိုယ်တွေ့ဖြစ်ရပ်တွေကို သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။Ustaz Kazim ဟာလူချစ်လူချစ်များတဲ့ တရားဟောဆရာတစ်ယောက်ဖြစ်ပြီး ဟောပြောပွဲတွေဆက်တိုက်လက်ခံဆောင်ရွက်နေရတဲ့သူပါ။တစ်နေ့မှာတော့ သူဟာ အမည်မဖော်နိုင်တဲ့ရောဂါဆိုးတစ်ခုနဲ့ကြုံခဲ့ရပြီး အိပ်ယာထဲလဲခဲ့သလို သူ့ပတ်ဝန်းကျင်တွေမှာလည်းနိမိတ်ဆိုးတွေ မကောင်းဆိုးဝါးခြောက်လှန့်မှုတွေကိုကြုံဆုံလာရပါတယ်။တကယ်တမ်းတော့ ဒါတွေဟာ သူ့ရဲ့အောင်မြင်မှု၊ဩဇာကြီးမှုတွေကို မနာလိုတဲ့လူတစ်စုရဲ့အောက်လမ်းအတတ်နဲ့လုပ်ကြံမှုတွေဖြစ်ပြီး အဲ့ဒီလူတွေထဲမှာ ဘယ်လိုမှထင်မှတ်မထားရတဲ့ လူရင်းတွေပါပါဝင်နေတယ်ဆိုတာသိလိုက်ရပါတော့တယ်။နောက်ကျောကိုဓားနဲ့ထိုးတဲ့လူတွေကို Ustaz ဘယ်လိုတုန့်ပြန်မလဲ? ဘာသာရေးအပြင်သူ့ဘက်ကအားကိုးစရာ ဘယ်သူတွေပေါ်လာမလဲ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
Zim Zim Ala Kazim
2024 100 min
Country: Malaysia
Director: Mawi
Actors: Bell Ngasri…Elvina ChuaIqram DinzlyMawiRosnah JohariRyan BakerySantesh Kumar…Syanie HishamUstaz Kazim EliasZarina Anjolie
Movie plot
Show more...