အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev EP
Next EP
Light Off
Report
15 view

The Switch: မင်းသမီး Jennifer Aniston , မင်းသား Jason Bateman နဲ့ Patrick Wilson တို့ပါဝင်ထားတဲ့ Comedy Romance Drama အမျိုးအစားဇာတ်ကားလေးပါ။ဇာတ်လမ်းကတော့…Wally နဲ့ Kassie တို့ဟာ သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်
ကြောင်တောင်တောင်နိုင်ပြီး ကြောက်တတ်တဲ့ Wally ဟာ သတ္တိရှိပြီး စွန့်စားလိုစိတ်အပြည့်ရှိတဲ့ ‌သူငယ်ချင်း Kassie ကို ချစ်နေပေမဲ့
သူငယ်ချင်းဇုန်ထဲကပါထုတ်ခံရမှာကြောက်ပြီး ဖွင့်ပြောခွင့်သာတိုင်းလည်း ရှောင်ရှောင်ပြေးနေတတ်‌သူတဦးပါ။စွန့်စားလိုစိတ်အပြည့်ရှိတဲ့ Kassie ကတော့ Wally ရှေ့တင် ရည်းစားတွေတယောက်ပြီးတယောက်တွဲခဲ့ပြီး
နောက်ဆုံးမှာတော့ အိမ်ထောင်ပြုဖို့ကိုပါ မစဉ်းစားတော့ဘဲ သုက်ပိုးအလှူခံပြီးကိုယ်ဝန်ဆောင်ဖို့ကိုသာ ရွေးချယ်ပါတော့တယ်..
ဒီအကြံကိုလည်း လက်မခံနိုင် ကိုယ်တိုင်လည်းဖွင့်မပြောနိုင်တဲ့ Wally ဟာ Kassie သဘောထားပြောင်းလဲလာဖို့ ကြိုးစားခဲ့ပေမဲ့
Kassie ကတော့ သူ့ဆန္ဒအတိုင်းအကောင်အထည်ဖော်ပါတော့တယ်..Kassie ဟာ သူ့အစီအစဉ်အတိုင်း ပါတီတခုကျင်းပကာ သူ့စိတ်ကြိုက်သုက်ပိုးအလှူရှင်ကို မရရအောင်ရှာဖွေနိုင်ခဲ့ပြီး
သုက်ပိုးကူးပြောင်းယူမယ့်အခိုက် နာကျင်ကြေကွဲ‌နေတဲ့ Wally တယောက် သူကိုယ်တိုင်တောင် ဘာတွေလုပ်ခဲ့မှန်းမသိလုပ်မိအောင် အရက်အလွန်အကျွံမူးပြီးနောက်မှာတော့…
ခံစားချက်တွေပွင့်ထွက်သွားမလားဆိုတာ…..။ဒီကားလေးက သူငယ်ချင်းဇုန်ထဲက ဇာတ်လိုက်များ ၊မိခင်စိတ်အပြည့်နဲ့ အမျိုးသမီးတဦး၊ မိဘမေတ္တာ စတဲ့ချစ်ခြင်းမေတ္တာတွေအကြောင်းကို ဟာသလေးစွက်ပြီး ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များ
လက်မလွတ်ရဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Ye Thiha Htet မှ တင်ဆက်ထားပါတယ်။)

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments