အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev EP
Next EP
Light Off
Report
438 view

Snowfall: ဒီ Seriesရဲ့ Creatorက Baby Boy (2001)တို့, Boyz n the Hood (1991)တို့လို လူမဲအသားပေး
လူမဲတွေရဲ့ဖြတ်သန်းမှုကို ရိုက်ပြထားတဲ့ နာမည်ကြီး ရုပ်ရှင်တွေကို ရိုက်ခဲ့တဲ့ လူမဲဒါရိုက်တာ John Singleton။

Snowfallကလည်း လူမဲတွေကို အဓိက အသားပေးထားတဲ့ မူးယစ်ဆေးလောကအကြောင်း ရုပ်ရှင်ပါပဲ။

ဟိုးအောက်ခြေကအနေ စတဲ့အကြောင်းတွေပေါ့။

Snowfallက မူးယစ်ဆေးလောကကို ရိုက်ပြတဲ့နေရာမှာတော့ တော်တော်လေးသေသပ်တယ်ပြောရမယ်။

Character Devlopmentလည်း တော်တော်ကြမ်းတဲ့စီးရီးပဲ။

Pilotအပိုင်းမှာ ကျွန်တော်တို့ကို ဘာမှမဟုတ်တဲ့ ကာရိုက်တာတွေချည်းပဲ ချပြထားတယ်။

တစ်ချို့ဇာတ်လမ်းတွေမှာကျ အဲဒီလိုချပြတာတွေမှာ သူတို့ရဲ့အလားအလာကို သိပ်မမြင်ရဘဲ ဖြစ်လာမှဖြစ်လာတယ်လို့ သိလိုက်ရတာမျိုးရှိပေမဲ့

Snowfallကတော့ ဒီကာရိုက်တာတွေရဲ့ အလားအလာကို သူတို့စလာကတည်းက မြင်နေရအောင်ကို သေချာလေးပြထားတယ်။

ဒီတော့ အပိုင်းတစ်ကြည့်လိုက်ရုံနဲ့ ဆက်ကြည့်ချင်သွားမယ့်စီးရီးပါပဲ။

ကျွန်တော်ကိုယ်တိုင်လည်း တစ်ပိုင်းပြန်ပြီး နောက်ထပ်၁၉ပိုင်းဆက်တိုက်ကြည့်ဖြစ်သွားတယ်။

ဇာတ်ကတော့ ၁၉၈၆ လော့အိန်ဂျယ်လိစ်မှာ ဇာတ်အိမ်တည်ထားတယ်။

Creatorရဲ့ဖြတ်သန်းမှုရှိတဲ့ကာလမှာ တည်ထားတာထင်ရပါတယ်။

လူမဲကောင်လေးတစ်ယောက် မူးယစ်ဆေးလောကထဲ ငြိသွားတာရယ်, စီအိုင်အေနဲ့ မက္ကဆီကန်တွေကြားက အရှုပ်အရှင်းတွေ,

စီအိုင်အေကိုက ဆေးတွေခိုးရောင်းပြီး မက္ကဆီကန်ကွန်မြူနစ်တွေကို ဖြုတ်ချဖို့ လက်နက်တွေကူပေးခဲ့တာလို့

နိုင်ငံရေးအရှုပ်အရှင်းတွေနဲ့ မူးယစ်ဆေးငြိနေတဲ့အကြောင်းတွေကိုပါ ပြထားတယ်။

ပြောရရင် ဒီကားရဲ့ တားဂတ်က လူမဲသက်သက်မဟုတ်ဘဲ မက္ကဆီကန်တွေရဲ့ မူးယစ်ဆေးလောကပါပါနေတယ်။

အရာအားလုံးက အချိတ်အဆက်နဲ့ပဲဆိုတော့ ဇာတ်ကောင်တိုင်းက တစ်ပိုင်းထက်တစ်ပိုင်း ပိုစိတ်ဝင်စားဖို့ကောင်းလာတဲ့ စီးရီးပါပဲ။

မူးယစ်ဆေးအရောင်းအဝယ်လောကကိုရိုက်ပြထားကိုမှ နိုင်ငံရေးနဲ့မူးယစ်ဆေးငြိနေတာတွေပါ ပါနေသလို

Character Devlopmentတွေလည်း ကြမ်းတာမလို့ ဒီလိုစီးရီးတွေကြိုက်ရင် ကြည့်ကိုကြည့်ကြသင့်တဲ့ စီးရီးပါပဲ။

အတွဲ၆တွဲရှိပြီး အပိုင်း၆၀ရှိပေမဲ့ အစအဆုံးစိတ်ဝင်စားဖို့ကောင်းနေမှာတော့ သေချာပါတယ်။

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments