အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev EP
Next EP
Light Off
Report
222 view
Server HY

Doomsday Meteor: ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၂၃ခုနှစ်က
ထွက်ရှိထားတဲ့ Doomsday Meteor ဆိုတဲ့ သိပ္ပံဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားက ကမ္ဘာကြီးကို ဉက္ကာပျံတစ်ခုနဲ့ ဝင်တိုက်မည့်.
အရေးကို လူသားတွေကာကွယ်တားဆီးကြပုံကို ရိုက်ကူးတင်ဆက်ထားတာပါ..ဒီဇာတ်ကားကို ဒါရိုက်တာ Noah Luke ကရိုက်ကူးပုံဖော်ထားပြီးမင်းသားPatrick Labyorteaux ,Joseph Michael Harris ,Anthony Jensen , Karan Sagoo နဲ့ မင်းသမီး CarolineWilliams ,Kennedy Porter , Eva Ceja စတဲ့ မင်းသားမင်းသမီးတွေက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအစမှာ ဒေါက်တာရစ်ခ်နဲ့ ဒေးဗစ်တို့ သူငယ်ချင်းနှစ်ယောက် အာကာသစူးစမ်းလေ့လာရေးဌာနမှာ အလုပ်ဆင်းပြီးအိမ်ပြန်ဖို့ပြင်နေချိန်မှာ ကမ္ဘာ့လေထုထဲကို ထူးဆန်းတဲ့အရာတွေဝင်လာတာကို တွေ့ရှိလိုက်ပါတယ် သေချာလေ့လာကြည့်လိုက်တဲ့အခါမှာတော့ မြို့လောက်အရွယ်အစားရှိတဲ့ဉက္ကာပျံကြီးတစ်စင်းက ကမ္ဘာဂြိုလ်နဲ့ ဝင်တိုက်ဖို့ လာနေတာကိုတွေ့ရှိလိုက်ရပါတယ် သေချာတွက်ချက်ကြည့်တဲ့အခါမှာသူတို့မှာ အချိန် ၆ရက် ၉နာရီနဲ့ ၁၉မိနစ်ပဲ အချိန်ရှိပါတော့တယ်အဲ့ဒီနောက် ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတွေအားလုံးကအဆိုပါဉက္ကာပျံကြီးကို ကိုယ်ပိုင်နည်းလမ်းတွေနဲ့ တားဆီးဖို့ပြင်ဆင်ကြပါတော့တယ် နောက်ဆုံး ဘယ်လိုမှမအောင်မြင်တဲ့အဆုံး ဒေးဗစ်တို့ အဖွဲ့သားတွေ ဉက္ကာပျံပေါ်ကို လူကိုယ်တိုင်ဆင်းသက်ပြီးလမ်းကြောင်းပြောင်းအောင် ဒုံးပျံတွေ တပ်ဆင်ဖို့ကြိုးစားကြပါတော့တယ် အဲ့ဒီနောက်သူတို့တွေ ဉက္ကာပျံပေါ်ကိုဆင်းသက်ဖို့ကြိုးစားရာမှာ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ရမလဲဧဝရတ်တောင်ထက် သုံးဆလောက် လေးတဲ့ ဒီဉက္ကာပျံကြီးကကမ္ဘာနဲ့ဝင်တိုက်ဖို့အချိန်တွေနီးကပ်လာတာနဲ့အမျှကမ္ဘာဂြိုလ်ဆီကို ဦးတည်နေရာကနေ လမ်းကြောင်းပြောင်းသွားအောင် လုပ်ဆောင်နိုင်ပါ့လား အဆုံးမှာအောင်မြင်အောင် လုပ်ဆောင် နိုင်ပါ့မလားဆိုတာဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲလိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Sci
&Action ဇာတ်ကားကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်..

A massive meteor threatens to destroy planet Earth, so scientists try to stop it with high-powered lasers.

DownloadQualityLanguageClick
Licu 11080pMyanmar HardSub0
Licu 21080pMyanmar HardSub0
Licu 3720pMyanmar HardSub0
Licu 4720pMyanmar HardSub0
Subscribe
Notify of
guest

3 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments
XiaoChen
XiaoChen
7 months ago

Download licus, please. Thank you.