The Gods Must Be Crazy II: #Nixau_Toma ( ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့) အောင်မြင်မှုငွေကြေးချမ်းသာမှုတွေကိုမသိခဲ့တဲ့မင်းသားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ )
.……………………………………………………………
” ပီတာက ဆိတ်၇ကောင်ပေး မယ်ဆိုလို့ကျွန်တော်လိုက်လာတာ ရုပ်ရှင်ဆိုတဲ့စကားကိုကျွန်တော်အခုမှကြားဖူးတာဗျ။ ဒီမှာ နေအခါ၃၀ ဝင်တဲ့အထိနေရမယ်ပြောတယ်။ ပြီးရင်ကျွန်တော် စန်တို့ရှိတဲ့ဆီကို ဆိတ် ၇ကောင်ယူပြီးပြန်မယ်။ ”N!xau Toma
တောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင်မြို့ပြနဲ့မိုင်ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတနေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတရွာရှိခဲ့တယ်။ ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲကကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူရိုင်းမျိူးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိူးစုတွေထဲက ၁၂ရာစုလူနေမှုစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိူးနွယ်စုရဲ့ရွာလေးပါ။ အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေးကြပြီး လယ်ယာမြေစိုက်ပျိူးမှုကိုတောင်မသိရှိသလို သူတို့ဘာသာစကားဟာလူ၁သောင်းတောင်မသိတဲ့ဘာသာစကားတခုကို ပြောကြတဲ့လူရိုင်းမျိူးနွယ်ပါ။ ၃နှစ်လောက်နေမှမြို့ပြအမဲလိုက်အဖွဲ့တွေကိုတွေ့ရလေ့ရှိပြီး ဒါကိုကသူတို့အတွက်အထူးအဆန်းဖြစ်လေ့ရှိတဲ့ ကိစ္စပါ။သူတို့ယုံကြည်မှုက တခြားလူရိုင်းတွေလိုနတ်ဘုရားနဲ့ယစ်ပူဇော်မှုမဟုတ်ဘဲ ရာသီဥတုကိုယုံကြည်ကိုးကွယ်ကြတဲ့လူမျိူးတွေပါ။မှတ်တမ်းများအရ ဒီလူမျိူးစုစစ်စစ်ဟာ၂၀၀ကျော်သာကျန်တော့ပြီးသစ်တောပြူန်းတီးမှု တောင်အာဖရိကကျွန်ပြုအလုပ်ကြမ်းလုပ်ခိုင်းတဲ့သူပုန်တွေကြောင့် မျိူးတုံးလုနီးပါးအခြေအနေကိုရောက်နေရပြီး လူ၃၀ကိုတရွာလောက်ပဲနေထိုင်မှုတွေကြောင့် ဒီလူရိုင်းမျိူးနွယ်ဟာကမ္ဘာ့လူမျိူးစုထိန်းသိမ်းရေးအဖွဲ့တွေနဲ့အလှမ်းဝေးလွန်းခဲ့ပါတယ်။
အချိန်အားဖြင့် ၁၉၄၄ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ ဒီရွာလေးမှာ N!xau Tomaဆိုတဲ့လူရိုင်းလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ မိခင်ဖြစ်သူ ဦးလေးဖြစ်သူတွေနဲ့တမိသားစုလုံးဟာ အာဖရိကဘိန်းမှောင်ခိုအဖွဲ့တောပုန်းမှုမှာကြုံရင်း အသတ်ခံခဲ့ရပါတယ်။ ဒီလူရိုင်းလေးနဲ့သူ့အကို N!aau သာကျန်ခဲ့ပြီးတခြားရွာသူကြီးကသူတို့ညီကို၂ယောက်ကို မွေးစားခဲ့ပါတယ်။Niaau ဟာလဲ ၉နှစ်သားမှာအပျော်တမ်းအမဲလိုက်အဖွဲ့ကပစ်သတ်တာခံခဲ့ရပြီး Tomaတယောက်ထဲမိမဲ့ဖမဲ့မိသားစုမဲ့နဲ့ဘဝကိုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။ Tomaကလူရိုင်းပေမယ့်ဉာဏ်တော့ကောင်းတယ်။ ရွာကလူတွေထဲအမဲလိုက် အကျွမ်းကျင်ဆုံးသူရဲကောင်းဖြစ်သလို ၁၉နှစ်သားမှာငါးမွေးမြူဖို့ ရွံ့ကန်တခုကိုသူလုပ်ခဲ့ပါပြီ ဒါကသာမာန်လူတွေအဖို့ကလေးတောင်သိတယ်ဆိုပေမယ့် ဒီလိုလူရိုင်းတွေအဖို့တော့နည်းပညာသစ်တခုပါပဲ။ အဆိပ်မှုတ်ပြောင်းကိုပေ၃၀နီးပါးပစ်နိုင်အောင်လုပ်တတ်ခဲ့သလို လေးကိုလဲပေါ့ပါးပြီးအဝေးပစ်နိုင်အောင် ရွာကလူတွေကိုသူသင်ကြားပေးနိုင်ခဲ့ပါပြီ။သူများတွေတလလောက်လိုက်ရတဲ့အမဲအုပ်ကိုသူ၁၀ရက်နဲ့လိုက်နိုင်သလိုတောလဲကျွမ်းကျင်သူပေါ့။ ဒါကြောင့်လဲရွာမှာပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သလို Popularလဲဖြစ်လွန်းသူပါ။ ဒါပေမယ့်သူ့အသက်ကိုသူဘယ်လောက်ရှိမှန်းမရေနိုင်သလို တရက်တာအချိန်ကိုလဲနေဝင်နေထွက်တာနဲ့ပဲသိတဲ့သူပါ။ မိုးတခါရွာရင်တနှစိလို့သိတဲ့လူမျိူးစုဖြစ်သလို သမင်အုပ် တောင်ဖက်ပြောင်းရင် ၁နှစ်လို့အကြမ်းဖျင်းသိတဲ့လူမျိူးစုပါ။ နှစ်လရက်နာရီတွေကိုမသိသလိုဂဏာန်းတွေကိုလဲမသိရှိသူပါ။ ရွာမှာဆိတ်၅ကောင်ရှိသူဟာသူဌေးစာရင်းဝင်ဖြစ်ပြီးကျွဲ၁၀ကောင်အမဲလိုက်နိုင်ရင် Heroပါပဲ။ ဒီလိုနဲ့သူ့ အသက် ၂၅လို့ထင်ရတဲ့အချိန်မှာတခြားရွာကသူကြီးသမီးနဲ့လက်ထပ်ခဲ့ပြီး သူ့ရွာမှာပဲနေထိုင်ခဲ့ပါ တယ်။ ရွာဆိုတာကလဲ လူ၃၅ယောက်သာရှိတဲ့ရွာလေးပါ။Peter Jay
………………
ပီတာကHollywood ရုပ်ရှင်လော ကမှာ ထုတ်လုပ်သူတယောက်ဖြစ်တဲ့ Jamie Uys ရဲ့သားပေါ့။ သူကိုင်တိုင်လဲSettingသမား တယောက်ဖြစ်သလိုအငယ်တန်းဒါရိုက်တာတယောက်ပါ။သူဌေးသားဖြစ်ပေမယ့်အမဲလိုက်ရ တာကိုဝါသနာပါသူတယောက်။ ၁၉၇၉ခုနှစ်မေလမှာ သူနဲ့သူငယ်ချင်း၃ယောက်တောင်အာဖရိကကိုအမဲလိုက်ထွက်ခဲ့ပါတယ်။ကိုယ်ပိုင်ဂျက်လေယာဉ်တစီးနဲ့သူငယ်ချင်းတွေအပျော်တမ်းအမဲ လိုက်ရာကနေ အင်ဂျင်မတော်မဆမှုဖြစ်ပြီးလေယာဉ်ပျက်ကျမှုကြောင့်သူတို့သူငယ်ချင်းတသိုက်ဟာကံဆိုးခဲ့ရပါတယ်။မြို့ပြနဲ့ဆက်သွယ်မှုပြတ်သွားသလိုသူတို့လေယာဉ်ပျောက်ဆုံးမှုဟာလည်း သတင်းမှာပါခဲ့ပြီး တစီးလုံးသေဆုံးသွားကြောင်း ကြေငြာခဲ့ပါတော့တယ်။
…………………………………
ရွာသူလူတွေနဲ့အမဲလိုက်ထွက်ရင်း Toma တွေ့သွားတာကဒီသူဌေးသားပီတာရဲ့ အလောင်းကိုပါပဲ။ သေချာကြည့်မှမသေသေးပဲ အသက်ရှင်နေသေးတာကိုသိခဲ့လို့ရွာကိုကယ်လာပြီးဆေးကုပေးခဲ့ခဲ့ပါတယ်။ ကံကောင်းတယ် လို့ပဲပြောရမယ် ပီတာဟာအသက်ဘေးကနေဒီလူရိုင်းကြောင့်လွတ်ခဲ့ပါတယ်။ ဒါပေမယ့်ခြေထောက်တဖက်ကတော့ဆုံးရှူံးခဲ့ရပါတယ်။ပီတာဟာဒီလူရိုင်းရွာမှာ ၅လအထိသောင်တင်ခဲ့ပြီးTomaနဲ့လဲသူငယ်ချင်းဖြစ်ခဲ့ပါတယ်။ပီတာက Tomaကို မြို့ပြရဲ့ဓလေ့တွေနေထိုင်မှုတွေကိုသင်ပေးတယ်။ ဒါပေမယ့်Tomaကမှတ်နိုင်စွမ်းမရှိသလိုအလွဲလွဲအချော်ချော်လုပ်လို့ဟာသတွေဖြစ်ခဲ့ရတာပေါ့။ ပီတာကideaတခုရသွားတယ်။ဟာသကားတွေရိုက်တဲ့Hollywoodကသူ့သူငယ်ချင်း Nic နဲ့ဒီလူရိုင်းရဲ့အလွဲတွေကိုရုပ်ရှင်ရိုက်ရင် တော်တော်ရယ်ရမယ်ဆိုပြီးပေါ့။ ၁၉၇၉ခုနှစ်ဒီဇင် ဘာလမှာကံကောင်းထက်မစွာနဲ့ပဲအာဖရိကသစ် တောစောင့်ရှောက်ရေးစစ်သားတွေနဲ့ပီတာတွေ့သွားပြီး မြို့ကိုပြန်ဖို့အခွင့်အရေးရခဲ့ပါတော့တယ်။ဒါပေမယ့်သူတယောက်ထဲမပြန်ဘူး။ Tomaကိုပါခေါ်သွားချင်တယ်။ Tomaကလဲမလိုက်ရဲဘူး။ ဒီလိုနဲ့ Tomaကို ဆိတ်၇ကောင်ပေးမယ်ဆိုတဲ့ကမ်းလှမ်းမှုနဲ့ရအောင်ခေါ်နိုင်ခဲ့ပါတယ်။ဆိတ်၇ကောင်ဆိုတဲ့ပမာဏက Tomaအဖို့ရွာမှာသူဌေး ဖြစ်မယ့်အခွင့်အရေးပဲလေ။ ဒါကြောင့်ပီတာနဲ့အတူလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။#The_Gods_Must_Be_Crazyဘုရားတွေရူးမလား လူတွေရူးမလားတော့မသိဘူး ဒီလို ၁၂၃၄ တောင်မသိတဲ့လူရိုင်းတကောင်ကိုမြို့ပေါ်ခေါ်လာပြီးရုပ်ရှင်ရိုက်ချင်တဲ့ပီတာရဲ့idea ကတော့တော်တော်ရူးလွယ်ပါတယ်ပေါ့ဗျာ။ အဖေဖြစ်သူ Jamie Uysကိုပြောတယ်ဒါပေမယ့်လက်မခံဘူး ။ ဘယ်ကလူရိုင်းကိုရုပ်ရှင်မင်းသားတင်မလဲပေါ့ ဒီကောင်ရူးနေပြီလားပေါ့ အဖေဖြစ်သူက။ ဒါပေမယ့်သားဖြစ်သူရဲ့စိတ်အားထက်သန်မှုနဲ့ ရုပ်ရှင်အပေါ်စိတ်ဝင်စားမှုသိပ်မရှိခဲ့ဘဲ လေနေတဲ့သားကပြောလာတော့အဖေဖြစ်သူကလက်ခံခဲ့ပါတော့တယ်။ သူကိုယ်တိုင် Producerလုပ်ပြီးဒါရိုက်တာတွေကိုခေါ်ပေမယ့်ဘယ်သူမှလက်မခံတဲ့အပြင်အဟားပါခံခဲ့ရတယ်။နောက်ဆုံးသူကိုယ်တိုင်ပဲဒါရိုက်တာလုပ်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။The Gods Must Be Crazy ဆိုတဲ့ဒီကားကို ၁၉၈၄ခုနှစ် ဇူလိုင်လ ၉ရက်နေ့မှာ အာဖရိက အမေရိကနဲ့ ဥရောပမှာရုံတင်ခဲ့ပါတယ်။၅သန်းပဲအကုန်ကျခံခဲ့တဲ့ဒီကားဟာ $60,000,000 ကျော်ရခဲ့သလို မထင်ထားတဲ့ရုပ်ရှင်လောကသားတွေကြားထဲဒီလူရိုင်းကတလအတွင်းရုပ်သံသတင်းတွေ interviewတွေမှာပါလာခဲ့ပါတယ်။ ဒီကားကိုရိုက်ဖို့အခက်အခဲများစွာရှိခဲ့သလို Cameraနဲ့ချိတ်ထားရင်သေနပ်ထင်လို့လန့်ပြီးဝပ်မှောက်တတ်တဲ့ဒီလူရိုင်းကြောင့် Cameraတွေကိုအဝတ်နဲ့အုပ်ပြီးရိုက်ကူးခဲ့ရသလို ဒိုင်ယာလော့တွေကိုအလုံး၁၀ထက်ပိုသင်လို့မရလို့ဖြတ်ဖြတ်ပြီးရိုက်ခဲ့ရပါတယ်။ထူးခြားမှုကတော့ဒီကားထဲကရိုက်ကွက်တွေဟာTomaသရုပ်ဆောင်နေတာမဟုတ်ပဲတကယ်ထင်ပြီးလုပ်ခဲ့ပြေးခဲ့တာတွေများပါတယ်။ဒီကားဟာဒေါ်လာအမြတ်ငွေ သန်း၁၁၀ကျော်အထိတနှစ်အတွင်းရခဲ့သလို Tomaဟာလဲနိုင်ငံတကာဆုတွေရခဲ့ပါတယ်။ ဒီကားအတွက်Tomaဟာဒေါ်လာ၇သန်းရခဲ့ပါတယ်။ ဒါပေမယ့်ဒီဒေါ်လာတွေကိုသူဘာမှန်းမသိလို့လာမခံခဲ့ပဲပီတာကိုပဲဆိတ်၇ကောင်လိုချင်ကြောင်းပြောခဲ့ပါတယ်။ပီတာဟာဒါကြောင့် Tomaကိုဆိတ်အကောင်၃၀နဲ့အတူသူ့ရွာကိုပြန်ပို့ခဲ့ပြီး ဒေါ်လာ၃၀၀ကိုလဲသူမလိုချင်တောင်အမှတ်တရသိမ်းထားဖို့ထည့်ပေးခဲ့ပါတယ်။ဒါပေမယ့်ဒီမှာတင်မပြီးသွားဘူး။The Gods Must Be Crazy ကအရမ်းအောင်မြင်လို့ 2 ကိုထပ်ရိုက်ဖို့ကမ္ဘာ့အနှံ့ကToma Fan တွေကတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ ဒီအခါမှာတော့ The Gods Must Be Crazy 2ကို Hollywood ရုပ်ရှင်ထုတ်လုပ်ရေးကြီး 20th Century Fox ကထုတ်လုပ်ဖို့ကမ်းလှမ်းခြင်းခံခဲ့ရပါတော့တယ်။ TGMBC 2 ကို၁၉၉၀ခုနှစ် ဧပြီလ၁၃ရက်နေ့မှာထပ်မံရုံတင်ခဲ့ပါတော့တယ်။ ရှေ့က1လိုပဲ အောင်မြင်မှုများစွာရခဲ့ပြီးဒေါ်လာသန်း၁၅၀ကျော်အထိအမြတ်ငွေရရှိခဲ့ပါတယ်။ ဒီကားမှာတော့ Tomaရဲ့မိသားစုတစုလုံးကပါဝင်ရိုက်ကူးခဲ့ပြီးသားဖြစ်သူတွေရေကားနောက်ပါသွားမှုကိုစိုးရိမ်တကြီးနဲ့နောက်ကလိုက်တဲ့ဖခင်တယောက်ရဲ့မေတ္တာကိုရိုက်ကူးခဲ့တဲ့ကားပေါ့။ ဒီကားမှာသားဖြစ်သူတွေရဲ့ဟာသအလွဲတွေလဲပါဝင်လာသလို ဖခင်ဖြစ်သူရဲ့ကြောင်တောင်တောင်ဓလေ့စရိုက်တွေလဲပါလာခဲ့ပါတယ်။ကလေးတွေဖြစ်ပေမယ့်တောတောင်ထဲအန္တရယ်ကြုံလာရင်ကိုယ်တိုင်ကာကွယ်မှုတွေ လူရိုင်းတွေရဲ့ရိုးသားတဲ့အကျင့်စရိုက်တွေကိုဒီကားမှာမြင်ရသလိုဟာသရောကြေကွဲစရာလေးတွေကိုပါမြင်ရစေတဲ့ကားတကားပါ။ ဒီကားအပြီးမှာတော့Toma ရဲ့လုပ်ဆောင်ချက်ကအရမ်းကြီးမားသွားခဲ့ပါပြီ။ ကမ္ဘာပေါ်ကမဖွံ့ဖြိုးသေး မြို့ပြနဲ့ဝေးတဲ့နေရာတွေက လူရိုင်းတွေရဲ့ဘဝကိုတကမ္ဘာလုံးသိအောင်ပြသခဲ့သလို Tomaဟာလဲကမ္ဘာ့လူရိုင်းမျိူးနွယ်စုတွေကိုကမ္ဘာကပစ်ထားမှုကိုချပြလိုက်တဲ့ဇာကောင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါတင်မကပါဘူး Tomaဟာကမ္ဘာ့လူရိုင်းမျိူးနွယ်စုတွေကိုထိန်းသိမ်းကာကွယ်ရေးသံတမန်အဖြစ်ရောတောင်အာဖရိကလူမည်းတွေရဲ့စားဝတ်နေရေးသံတမန်အဖြစ်ပါခန့်အပ်ခံခဲ့ရပါတယ်။ဒါပေမယ့်သူဘာမှမသိဘူး interviewတိုင်း talkshowတိုင်း ရယ်ပြတာကလွဲရင်သူဘာမှမသိမပြောတတ်မလုပ်တတ်ခဲ့ပါဘူး။ဒီ၂ကားအပြီးမှာတော့TomaဟာHollywood အာဖရိကတင်မကပဲဟောင် ကောင်ရုပ်ရှင်လောကကပါကမ်းလှမ်းခြင်းခံခဲ့ရပါတော့တယ်။ ဟောင်ကောင်ထုတ်လုပ်ရေးနဲ့ပထမဆုံးရုံတင်လာတဲ့ကားက Crazy Safariဒီကားကလဲရှေ့ကTGMBC တွေလိုပဲအောင်မြင်ခဲ့ပါတယ်။ ဟောင်ကောင်ဒေါ်လာသိန်း၁၀၀ကျော်ရခဲ့သလို Tomaရဲ့ဘရုစလီလိုလုပ်ကွက်တွေကလဲဘရုစလီနဲ့တူအောင်ရိုက်တဲ့သူတွေထဲအအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ တရုတ်သရဲတကောင်နဲ့တိုင်ပတ်နေတဲ့လူရိုင်းကားပေါ့။ဒီကားအပြီး Tomaဟာ Crazy Hong Kong(1993) / The Gods Must Be Funnyin China (1994) / Sekai Ururun Taizaiki ( 1996 )ကားတွေထွက်ခဲ့ပြီးလူရိုင်းတွေထဲအောင်မြင်မှုအကြီးမားဆုံးလူသားအဖြစ် 1996ခုနှစ်မှာဂင်းနစ်စံချိန်ဝင်ခဲ့ပြီးရုပ်ရှင်သမိုင်းမှာ ဟာသလူရိုင်းသရုပ်ဆောင်အဖြစ်တသက်တာအနုပညာရှင်ဆုကိုရခဲ့ပါတော့တယ်။TomaဟာSakei Ururun Taizaikiဇာတ်ကားအပြီးမှာတော့သူ့ရွာကိုပဲပြန်ချင်ကြောင်းပြောလာခဲ့လို့ပီတာကပို့ပေးခဲ့ပြီးရုပ်ရှင် ဘယ်တော့မှထပ်မရိုက်တော့ပဲမိသားစုနဲ့အတူရွာမှာပဲအမဲလိုက်ရင်းနေထိုင်ခဲ့ပါတော့တယ်။သူဟာဒီဆယ်စုနှစ်အတွင်း ဒေါ်လာသန်း၇၀ကျော်ရရှိခဲ့ပေမယ့် ဒီစက္ကူတွေကသူ့မိသားစုအတွက်အသုံးမဝင်ကြောင်းပြောခဲ့ပြီး အာဖရိကကလေးသူငယ်များအစာအဟာရချို့တဲ့မှု Foundationကိုအကုန်လှူတန်းခဲ့ပါတယ်။ Tomaဟာကမ္ဘာပေါ်ကလူရိုင်းတွေရဲ့နေထိုင်မှု ရိုးသားမှု တောင်အာဖရိကရဲ့လူမည်းတွေရဲ့ဒုက္ခရောက်နေမှုကို ကမ္ဘာကိုသိအောင်ပြောကြားခဲ့သူဖြစ်ပြီးရုပ်ရှင်လောကမှာပထမဆုံးလူရိုင်းမင်းသားတယောက် အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ်ဇူလိုင်လ ၁၂ရက်နေ့မှာတော့ Toma ဟာငှက်ဖျားရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ ရုပ်ချောမှ စကားပြောကောင်းမှဆိုတဲ့ အနုပညာလောကမှာဒီလူရိုင်းကဘာမှသေချာမပြောတတ်ဘဲ ဂဏာန်းအလုံး၂၀ထက် ပိုမမှတ်တတ်ဘဲ ငွေတွေနာမည်ကြီးမှုတွေအောင်မြင်မှုတွေကိုမသိဘဲ ဝင်ရောက်လာခဲ့ပြီးကမ္ဘာ့ရုပ်ရှင်လောကမှာနာမည်တခုထားသွားခဲ့ပါတယ်။အာဖရိက မော့စ် ပုလင်းမင်းသားလို့မြန်မာကသိကြတဲ့ Toma ဟာဂျစ်ကားပြောင်းပြန်မောင်းတာတွေခြင်္သေ့လိုက်လို့ပြေးတာတွေ ပုလင်းတလုံးနဲ့တရွာလိုက်ပြသနာတက်တာတွေ မြို့ပြကိုသားဖြစ်သူတွေနောက်လိုက်ရင်းဝရုန်းသုန်းကားဖြစ်တာတွေ တရုတ်သရဲနဲ့အသီးခူးတာတွေ တောတွင်းဟာသအလွဲတွေနဲ့ သူ့ရိုးသားဖြူစင်တဲ့အပြူံးဘဝမှာမိသားစုကလွဲပြီးဘာမှမသိတဲ့လူတယောက်အဖြစ် ငွေကြေးအောင်မြင်မှုတွေမရှိဘဲ ပျော်ရွှင်တဲ့လူတယောက်အဖြစ်နေထိုင်နိုင်ကြောင်းလူရိုင်းတွေရဲ့အရိုးခံစိတ်ထားတွေက ကမ္ဘာ့ရုပ်ရှင်လောကမှာရောကမ္ဘာပေါ်ကလူတွေအတွက်မှာမမေ့နိုင်စရာလူတယောက်ပါ။ သူဒေါ်လာသန်းချီပိုင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် ဒီချမ်းသာမှုတွေနဲ့မိသားစုဘဝကိုမလဲခဲ့ဘူး။ အောင်မြင်မှု StarIdol Fan ပရိတ်သတ်ဆိုတာကိုမသိဘူး။ဒီလိုလူမျိုး ရုပ်ရှင်လောကမှာရော အနုပညာလောမှာပါတယောက်မှမရှိပါဘူး
The Gods Must Be Crazy II
1989 98 min
Country: BotswanaSouth AfricaUnited States
Director: Jamie Uys
Actors: EirosErick BowenHans StrydomLena FarugiaLourens SwanepoelN!xauNadiesPierre van PletzenRichard Loring…Treasure Tshabalala
Genres: Comedy
Movie plot
Show more...