Perfect Match: CMမှ ကြည့်ရှုသူများအားလုံးမင်္ဂလာပါ။
ဒီနေ့CMကတင်ဆက်ပေးသွားမှာကတော့ Perfect Match (နတ်ဖက်သောစုံတွဲများ)လို ခေါပြီး
တရုတ်နာမည်အဖြစ်ကောင်းချီး၅သွယ် Wu Fu Lin Men လိုလည်းခေါ်ကြတဲ့
ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာကတော့ အဓိကဇာတ်ဆောင်အဖြစ်
မင်းသမီး (၅)ဦးနဲ့ မင်းသား(၅)ဦးတောင်ပါဝင်သရုပ်ဆောင်ထားပြီး အပိုင်း(၃၆)ပိုင်းပါရှိတဲ့
အချစ်၊ ဟာသ နဲ့ မိသားစုရေးရာ ကိုအသားပေးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
မြောက်ပိုင်း စုန့်မင်းဆက်ခေတ်မှာ ပျန့်ကျင်းက ဂုဏ်သတင်းမွှေးလှပြီး
သာယာဝပြော ကြွယ်ဝချမ်းသာတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။
လီမိသားစုက အဲဒီမြိုကိုပြောင်းရွှေ့လာခဲကြတယ်။ လီမိသားစုမှာငယ်ရွယ်လှပတဲ့
သမီး(၅)ယောက်ရှိပြီး တစ်ယောက်တစ်မျိုးအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့
သမီး(၅)ယောက်အတွက် ဘဝကြင်ဖော်ရှာဖွေဖိုကိစ္စရပ်တွေရယ်၊
တစ်မြိုတစ်ရွာမှာ မိသားစုအခြေတကျဖြစ်ဖိုကြိုးပမ်းရတဲ့ မိသားစုရေးရာကိစ္စရပ်တွေရော၊
နိုင်ငံရေး ကိစ္စရပ်တွေကိုပါဖြေရှင်းဖိုကြုံလာကြရတဲ့အခါမှာ မိသားစုလိုက်ဘယ်လိုမျိုး
အလွဲလေးတွေနဲ့ ဖြေရှင်းပြီး အဆင်ပြေသွားနိုင်ပါ့မလားဆိုတာတော့ CMမှာ
ဇာတ်ကားလေးကို ဆက်လက် ကြည့်ရှုပေးကြပါဦးရှင်။