My Son’s Deception: ဒီ ဇာတ်ကားလေးကတော့ မယ်ရီယာလို့ ခေါ်တဲ့ အမေဖြစ်သူနဲ့
သူ့သားဖြစ်သူ ဂျက်ဆန်တို့ရဲ့ ကြားထဲက ချစ်ခြင်း မေတ္တာအကြောင်းရိုက်ထားတဲ့ ဒရာမာကားလေး ဖြစ်ပါတယ်။ဂျက်ဆန်ရဲ့ အဖေ ဆုံးပြီးနောက်မှာ သူတို့သားအမိဟာ
စားသောက်ဆိုင်လေး တစ်ဆိုင်ကို ဖွင့်နိုင်အောင် ကြိုးစားရုန်းကန်ကြရပါတယ်။ သူ့အမေဖြစ်သူရဲ့ ငွေကြေးဆိုင်ရာအခက်အခဲတွေကို ကူညီပေးဖို့အတွက် ဂျက်ဆန်ဟာ သူ့သူငယ်ချင်းဖြစ်သူ တိုင်လာဆီက အကူအညီတစ်ခု ရခဲ့တယ်။အဲဒါကတော့ လူချမ်းသာတွေ လုပ်တဲ့ ပါတီတွေမှာ အစီအစဉ်မှူးအဖြစ် လုပ်ရင်း လွယ်လွယ်နဲ့ ပိုက်ဆံတွေ အများကြီးရတဲ့အလုပ်ပေါ့။ အစပိုင်းမှာ အဲဒီအလုပ်က အဆင်ပြေသလို ဖြစ်ခဲ့ပေမဲ့အခြေအနေတွေဟာ ပြောင်းပြန်ဖြစ်သွားပါတယ်။အဲဒီလို အခြေအနေဆိုးတွေကြားမှာ သူတို့သားအမိ ဘယ်လိုရုန်းကန်ခဲ့ကြမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာကြည့်ရှုခံစားလိုက်ပါတော့ ..
My Son’s Deception
2024 118 min
Country: Canada
Director: Meeshelle Neal
Actors: Amanda MartínezBrennan ClostCarson MacCormacChristopher SeivrightGita MillerKate DrummondMatt WellsTim CampbellTyssen SmithVinson Tran
Genres: Thriller
Movie plot
Show more...