အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Midsommar (2019) (Director’s Cut Version)
IMDB : 7.1
Rotten Tomatoes : 83%
Genre : Psychological Horror/DramaPsychological Horror/Thriller လို့ခေါင်းစဉ်တပ်ပြီးပြောကြမယ်ဆိုရင် A24 ကိုမေ့ထားလို့မရပါဘူး။
A24 လို့ဆိုလိုက်တာနဲ့ ဒီကားက တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ လူကိုစားတော့မယ်ဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။Midsommar မှာ Theater Version နဲ့ Director’s Cut ဆိုပြီး နှစ်ခုရှိပါတယ်။
ခုကတော့ Director’s Cut ဖြစ်တဲ့အတွက် ရုံတင်ဗားရှင်းမှာ ဖျက်ခံထားရတဲ့အခန်းတွေပါရှိမှာဖြစ်ပြီး
မိနစ် ၃၀ ခန့်အပိုပါလာတာကြောင့် ၃ နာရီနီးပါးကြာရှည်ပါတယ်။သာမန် Horror ရုပ်ရှင်တွေနဲ့မတူတဲ့အချက်က Midsommar ဟာ ဇာတ်အိမ်ကို အရမ်းကိုလှပပါတယ်ဆိုတဲ့ ဆွီဒင်နိုင်ငံမှာ တည်ထားတာဖြစ်ပြီး
နေမဝင်တဲ့ နွေလယ်ရာသီအချိန်ကာလကို ဦးတည်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒါကလည်း ဒါရိုက်တာ Ari Aster ကိုချီးကျူးရမယ့် ကိစ္စပါပဲ။
မကြည့်ရသေးတဲ့လူတွေရော ကြည်ပြီးတဲ့လူတွေရော လက်မလွှတ်သင့်တဲ့ Psychological Horror ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်တာကြောင့် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ဇာတ်လမ်းကတော့…
ဒန်နီဟာ သံသရလွန်ကဲတတ်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။
သူ(မ)ဟာ စိတ်ပညာဘာသာရပ်ကိုယူထားတဲ့ ‌ကျောင်းသားတစ်ယောက်ဖြစ်ပြီး ခရစ်ရှန်ဆိုတဲ့ ကောင်လေးလည်းရှိပါတယ်။
တစ်ရက်မှာတော့ စိတ်ဓာတ်အလွန်အမင်းကျတဲ့ရောဂါကိုခံစားနေရတဲ့ ညီမလေး တယ်ရီဟာ
သူကိုယ်တိုင်ကိုရော ဒန်နီရဲ့မိဘနှစ်ပါးလုံးကိုရော ကာ‌ဗွန်မိုနောက်ဆိုက် အဆိပ်သင့်ပြီး သေအောင်သတ်လိုက်ပါတော့တယ်။
ခိုကိုးရာမဲ့သွားတဲ့ ဒန်နီဟာ အရင်ကထက်ကောင်လေး ခရစ်ရှန်အပေါ်ကို တွယ်ကပ်လာပါတယ်။
ခရစ်ရှန် မာ့ခ်၊ ပယ်လ်လေ၊ ဂျော့ရှ် ဆိုတဲ့သူငယ်ချင်းသုံးယောက်ရှိပြီး ခရစ်ရှန်နဲ့ ဂျော့ရှ်က တစ်မေဂျာတည်းဖြစ်ကာ ဘွဲ့ယူကျမ်းပြုစုဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။တစ်ရက်မှာတော့ ပယ်လ်လေဟာ သူ့ရဲ့မွေးရပ်ဇာတိဖြစ်တဲ့ ဆွီဒင်နိုင်ငံက ကျေးလက်တောရွာလေးတစ်ခုကို ခရစ်ရှန်တို့ တစ်သိုက်ကို ဖိတ်ခဲ့ပါတယ်။
ဒီလိုနဲ့ ဒန်နီလည်း ခရစ်ရှန်နဲ့စကားများပြီး နောက်ဆုံးမှာတော့ ဆွီဒင်နိုင်ငံကိုပါသွားပါတော့တယ်။
အဓိကရည်ရွယ်ချက်ကတော့ နွေလယ်ရာသီပွဲတစ်ခုကို အလည်အပတ်သွားကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အရမ်းကိုသာယာလှတဲ့ ဆွီဒင်နိုင်ငံ ရွာလေးတစ်ရွာမှာ သူငယ်ချင်းတစ်သိုက် ဘယ်လိုကြမ္မာငင်ကြမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါခင်‌ဗျာ။
ဒန်နီ အဖြစ်အချစ်တော်မင်းသမီးလေး Florence Pugh ကပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့နာမည်ကြီး “Upside Down Face” လေးကိုခံစားရမှာဖြစ်ပါတယ်။
ကောင်မလေးနဲ့ကြည့်ဖို့တော့အကြံပေးပါတယ်၊ ကြောက်ရင်ဖက်ထားလို့ရတာပေါ့။
Dani (Florence Pugh) and Christian (Jack Reynor) are a young American couple with a relationship on the brink of falling apart. But after a family tragedy keeps them together, Christian invites a grieving Dani to join him and his friends on a trip to a once-in-a-lifetime midsummer festival in a remote Swedish village. What begins as a carefree summer holiday in the North European land of eternal sunlight takes a sinister turn when the insular villagers invite their guests to partake in festivities that render the pastoral paradise increasingly unnerving and viscerally disturbing. Written by A24 Releasing

Show more...