အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Dunki: အားလုံးပဲ စောင့်မျှော်နေကြတဲ့ ရှရွတ်ခန်းရဲ့ ဒန်ကီရုပ်ရှင်ကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါပြီ။
ကုဋေ ၁၂၀ ရင်းပြီးတော့ ကုဋေ ၄၇၀ ထိ ရုံတင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဒီဇာတ်ကားကြီးဟာ ၆၉ကြိမ်မြောက် အိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း
ဆန်ကာတင်ကိုးဆုထိရရှိထားပြီး ၂၀၂၃ခုနှစ် အိန္ဒိယရဲ့အမြတ်အများဆုံးစာရင်းမှာလည်း နံပါတ်ခြောက်ချိတ်ခဲ့တဲ့ဇာတ်ကားပါ
ဒီဇာတ်ကားရဲ့ပဲ့ကိုင်ရှင်က PK၊ 3 idiots တို့လိုကားတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာရာ့ဂျ်ကူးမားဖြစ်ပါတယ်။နှစ်လိုဖွယ်အပြုံးနဲ့မင်းသမီးချောလေး တာ့ပ်ဆီးပါဝင်တဲ့အပြင် တိုက်ဂါးရုပ်ရှင်တွေက
မင်းသမီးချောကတ်တရီးနားရဲ့ ချစ်ယောကျ်ား မင်းသား ဗစ်ကီက
ဒီရုပ်ရှင်နဲ့ပဲ အမျိုးသားဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒန်ကီဆိုတာ အမေရိကန်၊ ယူကေနဲ့ အင်္ဂလန်လိုနိုင်ငံတွေကို တရားမဝင်တဲ့နည်းနဲ့
ဝင်ရောက်တဲ့ ခိုးဝင်လမ်းကြောင်းတစ်ခုကိုပြောတဲ့
ပန်ဂျာပီဘာသာစကားတစ်ခုပေါ့။ရည်ရွယ်ချက်ကိုယ်စီနဲ့ လန်ဒန်ကိုသွားချင်နေကြတဲ့ လူငယ်လေးယောက်။
ဘာသာစကားလည်း မကျွမ်းကျင် ပညာလည်း မတတ်ဆိုတော့ ဗီဇာလျောက်ဖို့ကမလွယ်။
ဆိုတော့ တက်မရှိ လက်နဲ့လှော်မဲ့သူတို့အုပ်စု ရရာနည်းနဲ့ အရောက်သွားဖို့ရွေးချယ်တဲ့လမ်းက ခိုးဝင်ဖို့ပါပဲ။
ဒီမှာပဲ ရှာရွတ်ခန်းပါဝင်ပတ်သက်လာပြီး သူတို့တွေ လန်ဒန်ဆီရောက်ဖို့အရေး
အစွမ်းကုန်ကြိုးစားပေးပါတော့တယ်။
သူတို့ငါးယောက်လုံး လန်ဒန်ရောက်သွားမှာလား…။
ဘယ်လို အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ကြရမှာလဲ…။တစ်ခုပြောချင်တာ ဒီဇာတ်ကားလေးက ရယ်လဲရယ်ရသလို ငိုလဲငိုရမှာပါ။
ရှရွတ်ခန်းတစ်ယောက် အက်ရှင်ကားတွေမှာ ပန်းပန်နေဆဲဖြစ်သလို
ခုလို ဒရာမာကားမှာလည်း သူ့ရဲ့အရှိန်အဝါကို ဆက်ထိန်းထားနိုင်တဲ့ စွမ်းရည်တွေကို ပြသနိုင်နေတုန်းပါပဲ။
ဒါရိုက်တာရဲ့ PK တို့ 3 idiots မှာလို တစ်ခုခုကိုပုံဖော်ပြတတ်တဲ့အကျင့်အရ လူငါးယောက်ရဲ့ဇာတ်လမ်းလေးကို အခြေပြုပြီး
ဘယ်လိုအကြောင်းအရာကို မီးမောင်းထိုးပြသွားမလဲဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်ခံစားပေးနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းကို Saii Thurein Lynnမှ ရေးသားထားပြီး ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်)

Show more...
DownloadQualityLanguageClick
Licu 11080pMyanmar HardSub0
Licu 21080pMyanmar HardSub0
Licu 31080pMyanmar HardSub0
Licu 4720pMyanmar HardSub0
Licu 5720pMyanmar HardSub0
Licu 6720pMyanmar HardSub0