Blicuy Bill: The Movie – ခိုအားလားလေး Blicuy တစ်ယောက် အဖေ အမေတို့နဲ့အတူ
Greenpatch မှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါတယ်။Blicuy ရဲ့ အဖေကတော့ Greenpatch ကို စရှာတွေ့ခဲ့ပြီး
တိရစ္ဆာန်တွေ စုစည်းနေထိုင်ဖို့ စည်းရုံးခဲ့တဲ့
ဂန္ဓဝင်စွန့်စားရေးသမားကြီး Bill Koala ပါ။
Blicuy ကတော့ စူးစမ်းတတ်တဲ့ ကလေးပီပီ အဖေ့နောက်လိုက်ပြီး
စွန့်စားခန်းတွေ ဖွင့်ချင်ပေမဲ့ စိုးရိမ်တတ်တဲ့ အမေကြောင့်
ဘယ်ကိုမှ မသွားရတဲ့ ခိုအားလားပေါက်လေးပေါ့။
Blicuy ရဲ့ အဖေက ကန္တာရကြီးထဲမှ ဒုက္ခရောက်နေတဲ့
တိရစ္ဆာန်တွေကို သွားကယ်တတ်ပါတယ်။
အဖေ့ရဲ့ စွန့်စားခန်းတွေကို နားထောင်ရုံသာ နားထောင်ပြီး
လက်တွေ့စမ်းသပ်ခွင့်မရတဲ့ သနားစရာ Blicuy လေးတစ်ယောက်Blicuy တို့ရဲ့ အဖေတစ်ယောက် Sea of White Dragon ဆီ
စွန့်စားခန်းထွက်သွားပြီး ပြန်မလာနိုင်တာ နှစ်ချီကြာနေပါပြီ။
အပြင်လောကက ကြောက်မက်ဖွယ်သားရဲကြီးတွေများစားသွားပြီလားပြန်လာဖို့
လမ်းများရှာမတွေ့နိုင်လို့လား Blicuy တို့ သားအမိကတော့ မျှော်တလင့်လင့်ပေါ့ဒီလိုဒုက္ခပင်လယ်တွေ ဝေနေတုန်း အရင်က Greenpatch မှာ
နေခွင့်ပေးဖို့ ငြင်းခဲ့တဲ့ Bill ကို အငြှိုးထားတဲ့
Cranklepot ဆိုတဲ့ ပုတ်သင်တစ်ကောင်က Greenpatch ကို
သိမ်းပိုက်ပြီး Blicuy တို့သားအမိကို သူတို့နေတဲ့
သစ်ပင်ကနေ နှင်ချဖို့ ပြဿနာရှာလာပါတော့တယ်။
အမေနဲ့ Greenpatch မှာ နေတဲ့ တိရစ္ဆာန်တွေကို Cranklepot လက်က
ကူညီပေးနိုင်မဲ့သူကတော့ Blicuy ရဲ့ ဖေဖေ Bill ကလွဲပြီး ဘယ်သူမှမရှိနိုင်ပါဘူး။
ဒီတော့ သူ့အဖေကို ရှာဖို့ သတ္တိခဲလေး Blicu ဆီ တာဝန်ကျရောက်လာတဲ့အခါ…..အဖေရှာပုံတော်ထွက်လာတဲ့ Blicuy တစ်ယောက် လမ်းခရီးမှာ တိရစ္ဆာန်ရုံကိုအသွား
လှောင်အိမ်ပြုတ်ကျပြီး လမ်းပျောက်နေခဲ့တဲ့ ခိုအားလားမလေး Nutsy
သူငယ်ချင်းတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် သစ်ပင်ပေါ်မှာ
တန်းလန်းချိတ်မိနေတဲ့ ပုတ်သင်လေး Jacko တို့နဲ့အတူ ခရီးဆက်ဖို့ အကြောင်းဖန်လာပါတော့တယ်။အဖေကို ရှာဖို့ Sea of White Dragon ဆီကို စွန့်စားခန်း ထွက်လာတဲ့ Blicuy,
Nutsy, Jacko သူငယ်ချင်းသုံးယောက်ရဲ့ စွန့်စားခန်းလေးကို အားလုံးနဲ့အတူ ရှုစားလိုက်ကြရအောင်..
Blicuy Bill is a little koala with a big imagination. An adventurer at heart, he dreams of leaving the little town of Green Patch and following in his missing father’s footsteps. When Blicuy discovers a mysterious marker that hints at his Dad’s whereabouts, he embarks on a journey that takes him beyond the boundary of Green Patch and into the wild and dangerous Outback.