Filter movies
TOP
-
20 2011 Action Adventure Drama Fantasy Thriller TV Series United Kingdom United States
-
30 Drama France Movies Romance
-
40 2024 Drama Thailand TV Series
-
50 2008 Completed Crime Drama Thriller TV Series United States
Harry Potter and The Philosopher’s Stone
Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ … ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ … သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်… မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့… မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ … ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး …သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ယောက်နဲ့အတူ ဒီမှော်ဆရာကြီးနဲ့ အချိန်အကြာကြီး ရင်ဆိုင်ခဲ့ပါတယ် … အဆိုးနဲ့အကောင်း အမှောင်နဲ့အလင်း အမည်းနဲ့အဖြူလို ဆန့်ကျင်နေတဲ့ ဒီ မှော်ဆရာ ၂ ယောက်ရဲ့ တိုက်ပွဲရှည်ကြီးကို ပြန်လှန်လေ့လာလိုက်ကြပါစို့…မြန်မြန်တက်ကြဗျို့ Hogwarts ရထားကြီး ထွက်တော့မယ် !!
The Fast and the Furious 1
The Fast and the Furious 1 : ဒွမ်တို့အဖွဲ့ဟာ မြို့ရဲ့ အကြီးမားဆုံးသောခိုးမှုတွေမှာ ရဲတပ်ဖွဲ့တွေရဲ့ သံသယအရှိဆုံးသူတွေပါ…အချီကြီးမှချတတ်သလို ပိရိလွန်းပြီးလက်တွဲညီလွန်းတဲ့သူတို့အဖွဲ့ကြောင့် ရဲတပ်ဖွဲ့ဟာကြိတ်မနိုင်ခဲမရ ဘယ်ကအစကောက်ပြီးလိုက်ရမှန်းမသိဖြစ်နေတယ်…အဲ့ဒီအချိန်မှာပဲ ကားမောင်းကျွမ်းကျင်ပြီး ဂျလေဘီပုံပေါက်နေတဲ့ ဘရိုင်ယန်ကိုသူလျှိုအဖြစ်စေခိုင်းရင်း ဒွန်တို့အဖွဲ့ကို ရဲတပ်ဖွဲ့ဟာ ဖြိုခွင်းဖို့ကြိုးစားပါတော့တယ်….
Shogun
Shogun: Game of Thrones လိုမျိုး နယ်မြေလုတာ အာဏာလုတာတွေနဲ့ ရက်ရက်စက်စက်တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြိုက်ရင် အမေရိကန်-ဂျပန် ဗားရှင်း GoT လို့ပြောရမဲ့ Shogun ဇာတ်လမ်းတွဲကိုကြည့်လိုက်ပါ။ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Hiroyuki Sanada၊ Anna Sawai တို့ ပါဝင်ထားပြီး ၁၉၇၅ တုန်းက ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန်တွေကို စိတ်ကူးယဉ်နဲ့ ရောစပ်ဖန်တီးထားတာပါ။ ဒီရုပ်ရှင်ထဲက လမ်းပြ ဘလက်သွန်းဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျပန်ကိုပထမဆုံးရောက်တဲ့ အင်္ဂလိပ်လမ်းပြ William Adams ကို အခြေခံထားသလို ယိုရှီ တာရာနာဂါ ဇာတ်ကောင်ဟာ တိုကူဂါဝါ စစ်ဘုရင်အုပ်ချုပ်ရေးကို တည်ထောင်ခဲ့တဲ့ တိုကူဂါဝါ အီအဲယဆု ကို အခြေခံထားတာပါ။ ဇာတ်လမ်းအကျဉ်း ၁၆၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လမ်းပြ ပရိုတက်စတင့်ဘာသာဝင်တစ်ယောက်ဟာ ဂျပန်ကို လှေနဲ့ ပထမဆုံး ရောက်လာပါတယ်။ အဲဒီကာလမှာ ပေါ်တူဂီကသလစ်တွေဟာ ဂျပန်နဲ့ ကုန်သွယ်ပြီး အရမ်းမြတ်စွန်းနေကြတဲ့ကာလဖြစ်ပါတယ်။ အခြား ဥရောပနိုင်ငံတွေကိုလည်း ဂျပန်ရဲ့ တည်နေရာကို မသိအောင် ဖုံးထားပါတယ်။ ပေါ်တူဂီတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပရိုတက်စတင့်ဘာသာဝင် ဟော်လန်လှေတွေ ဂျပန်ကိုရောက်လာချိန်မှာပဲ၊ ဂျပန်မှာလည်း ဘုရင်ခံချုပ်(တိုင်ကိုး) ကွယ်လွန်သွားပြီး အမွေခံ သားငယ်လေးပဲ ကျန်ခဲ့တာကြောင့် စစ်ခေါင်းဆောင် ၅ ပါးဟာ အာဏာလုဖို့ အားပြိုင်နေကြပါပြီ။ အဲဒီအားပြိုင်ပွဲမှာ ဥရောပက လာတဲ့ မဟာမိတ်နဲ့လက်နက်တွေဟာ အဖြေဖြစ်လာနိုင်တာကြောင့် ပထမဆုံးရောက်လာတဲ့ အင်္ဂလိပ် လမ်းပြ ဂျွန် ဘလက်သွန်းကို စည်းရုံးဖို့ လုပ်ကြံဖို့ ကြံစည်ကြပါတော့တယ်။ တစ်ပိုင်းပြီးတစ်ပိုင်း နိုင်ငံရေးတွေ အတိုက်အခိုက်တွေနဲ့ ကြမ်းမဲ့သဘောရှိလို့ တစ်ပတ်တစ်ခါ တင်ဆက်ပေးတာကို စောင့်ကြည့်အားပေးကြပါဦး။
Game of Thrones
Game of Thrones: ဒီ TV Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “A Song of Ice and Fire” စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစုတွေ…. နဂါးတွေ…လူရိုင်းတွေ…လူသန်ကြီးတွေ…မကောင်းဆိုးဝါးတွေ…စတဲ့ မျိုးနွယ်မတူကြသူတွေတိုက်ခိုက်ကြမှာ ဖြစ်ပြီး ကြမ်းကြုတ်ရက်စက်မှုတွေ…..မေတ္တာတရားတွေ…လိမ်လည်လှည့်ဖျားမှုတွေ…ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီးသတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။ အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။တကယ်လဲ လူ့လောကကြီးဆိုတာ အင်အားကြီးသူက အနိုင်ကျင့်ဗိုလ်ကျတဲ့ တောနက်ကြီးတစ်ခုပဲ မဟုတ်လား။ ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့် နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် စီးရီးမျိုးဖြစ်ပါတယ်။ Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က (9.5/10) ထိရရှိထားတာဖြစ်ပါတယ်။ Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ TV Series တစ်ခုဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်စီးရီးထဲမှာ Top ပါပဲ။ Season( 8 ) မှာ အဆုံးသတ်ထားပြီး CM အနေနဲ့ အစ/အဆုံး တင်ဆက်ထားပြီးဖြစ်ပါတယ်။
Demon Slayer: Kimetsu no Yaiba Entertainment District Arc (Dub)
The devastation of the Mugen Train incident still weighs heavily on the members of the Demon Slayer Corps. Despite being given time to recover, life m...